ကြို့ပင်ကောက် ဒီဇင်ဘာ ၁၆
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြို့ပင်ကောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ယမန်နေ့နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပထမ ဒုတိယနှင့် တတိယဆုရအသင်းများကို စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပါဝင်ယှဉ်ပြိုင်ကစားကြမည့် ဌာနပေါင်း ၁၉ ဌာနမှ အသင်း ၈ သင်း၏ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇင်မင်းဌေးမှ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ် ပထမဆုံးစတင်ယှဉ်ပြိုင်မည့် ထွေအုပ်အသင်းနှင့် စိုက်မွေးဆည်အသင်းတို့၏ စပေးဘောလုံး အားကန်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဇေယျာထွန်း(ပြန်/ ဆက်)