ပခုက္ကူ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရာကျော်ခုံကျေးရွာတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၈ရက်နေ့က ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၇)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ၁နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ တင်ဂါတ်ကျေးရွာအုပ်စု၊ ရွာကျော်ခုံကျေးရွာတွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၆၇၂၀၀)တို့အား ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့်ဝန်ထမ်းများက ကမ်းပါးပြို ဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)