ဆော စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် ပင်စင်ထုတ်ယူရေးအဆင်ပြေစေရန် ပင်စင်လစာများကို စက်တင်ဘာ ၂၁ ရက်နေ့မှစတင်၍ နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် သုံးပေအကွာ စည်းများပြု လုပ်ထားပေးခြင်း၊လက်ဆေးဘေစင်များ ပြုလုပ် ထားပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask)စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကိုဆောင်ရွက်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ ၂၉ ရက်နေ့အထိ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့ရက်များ အလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရက် များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများသည် အောက်တိုဘာလ ဆန်း တွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်ဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။
ဇော်မျိုးသန့်(ဆော)