ပြည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အကူသူနာပြု(ပြင်ပ)၉လသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးဒေါ်သီတာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်မြို့ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ sister ဒေါ်ခင်ဝင်းမြင့်က သင်တန်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြေားကြား၍ သင်တန်းကျောင်းအုပ်ကြီးဒေါ်စန်းစန်းဌေးက သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ပြောကြားသည်။
အဆိုပါ သင်တန်းကို ပြည်ခရိုင်အတွင်းမှ သင်တန်းသား/သူ ၃၇ ဦးအား ဆရာ/ဆရာမ၂၅ ဦးမှ ကျန်းမာရေးဆိုင်ရာဘာသာရပ်များကို သင်တန်းကာလမှာ ၉ လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်းစိုး