အောင်လံမြို့နယ်တွင် အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု(၈)စုအတွက်ထောက်ပံ့ပေးအပ်

အောင်လံ စက်တင်ဘာလ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် စက်တင်ဘာလ(၁၉)ရက်နေ့ညပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု(၈)စုအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့မှုများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပေးအပ်မှုတွင် ပြလို့ကျေးရွာအုပ်စု၊ ပြလို့ကျေးရွာနှင့် ပြလို့မြင့်ကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စုတို့မှ လူဦးရေ(၄၄)ဦးတို့အတွက် ဆန်ဖိုး (၇)ရက်စာ(၉၂၄၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၈၀၀၀၀)ကျပ်နှင့် စုစုပေါင်း (၄၇၂၄၀၀)ကျပ်အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်တို့က ပေးအပ်ခဲ့ရာသက်ဆိုင်ရာကျေးရွာတာဝန်ရှိသူ များမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)