ရွှေကျင်မြို့နယ်တွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ရွှေကျင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး  Talk Show ကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က မျောက်ကျောက်ရောဂါအကြောင်းနှင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ သတိပြုရန်အချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက တိရစ္ဆာန်မှတစ်ဆင့် လူကိုမကူးစက်နိုင်ရန် လျှော့ချသင့်သော နည်းလမ်းများ၊ လူအချင်းချင်း ကူးစက်နိုင်ချေ‌ လျှော့ချရန်နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန ရွှေကျင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)