လှိုင်းဘွဲ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်း သား ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ကိုသိရှိပြီး လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်၊ ဘိုးဘေးတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ရရှိထားပြီးသော နိုင်ငံ၏လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့စေရန် ပြည်ထောင်စု တိုင်းရင်းသားများအားလုံးက တန်ဖိုးထားပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြစေရန် အသိပညာပေး ဟော ပြောခဲ့ပြီး (၇၅)မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် မြန်မာနိုင်ငံအတွင်းထင်းရှားသည့် အဆောက်အဦးများ၊ ရှုခင်းအလှဓါတ်ပုံများ ပြသခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)