ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကယ်ဆယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မည်

ပေါင်းတည် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ဆယ်ရေးသဏ္ဍာန်တူ စုပေါင်းဇာတ်တိုက်လေ့ကျင့်နိုင်ရေး စုပေါင်းစီမံချက် ရေးဆွဲခြင်းကို ယနေ့နံနက် ၁၀ နာရီက နတ်ပုတီးကျေးရွာ၊ ဓမ္မာရုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (ပြည်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများက ပေါင်းတည်မြို့နယ်ရှိ လုံခြုံရေး တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပူးပေါင်း၍ သရုပ်ပြအင်အားစုစုပေါင်း ၂၀၀ ခန့်ဖြင့်စုဖွဲ့ကာ အဖွဲ့အလိုက် တာဝန်ကိုယ်စီ ခွဲ​ဝေဆောင်ရွက်နိုင်ရေး ကြိုတင်ဆွေးနွေး စီမံချက်ရေးဆွဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းစီမံချက်ရေးဆွဲရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သူရကြီး