ချောက် စက်တင်ဘ ၂၂
ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်း ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်နုက ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားမှုအခြေအနေများ၊ လုပ်ငန်းတာဝန် များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ (၆)ပါတီက (၆)ဦး၊ အများယုံကြည်လေးစားခြင်းခံရ သောပုဂ္ဂိုလ် သြဇာတိက္ကမရှိသူ (၅)ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်(၁၆)ဦး စုစုပေါင်း(၂၇) ဦး တို့က လုပ်ငန်းတာဝန်များနှင့်ပတ်သက်သည်များ၊ နားမလည်ကြသည်များကို မေးမြန်းကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြန်လည်ဖြေကြားပေးခဲ့ပြီး အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)