ကလိန်အောင် ဒီဇင်ဘာ ၁၅
မြန်မာနိုင်ငံတောင်ဘက်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ဒေသတွင် ဉယျာဉ်ခြံများ၌ ကြားညှပ်၍ ကိုကိုးအသီးအပင်များ စိုက်ပျိုးခြင်း မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေအဖြစ်ရရှိနေကြောင်း ကလိန်အောင်မြို့ရှိ ကိုကိုးစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကလိန်အောင်မြို့ ဒေသအတွင်းမှ ထွက်ရှိသည့် ကိုကိုးအသီးများကို အာနန္ဒာကိုကိုးကော်ဖီကုမ္ပဏီမှ လာရောက်ဝယ်ယူကြသလို့ ကလိန်အောင်မြို့အောင်ဇမ္ဗူကိုကိုးခြံလုပ်ငန်းကလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည်နှစ်က ကိုကိုးသီးဝယ်ယူဈေနှုန်းမှာတစ်ကီလိုလျှင် ငွေ(၄၅၀)၊(၅၅၀)ကျပ်ရရှိပြီး လက်ရှိ၀ယ်ယူပေါက်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ငွေ(၆၅၀)ကျပ်နှုန်းရရှိကြသဖြင့် တစ်နှစ်ပတ်လုံး မိသားစုအတွက် အပို၀င်ငွေ ရရှိကြသည်။ ကိုကိုးအပင်များကို ဇွန်လမိုးရာသီးတွင်စတင်စိုက်ပျိုး ရာတွင် (၃) နှစ်ကြာတွင် ပန်းများစပွင့်ပြီး (၅)နှစ်ကြာမှာ ခူးဆွတ်ရောင်းချရပြီး နှစ်ရှည်အပင်ဖြစ် သည်။
“ကလိန်အောင်မြို့မှာက ကိုကိုးအသီးအပင်များကို ကွမ်းသီးခြံများတွင်ကြားသီးနှံများအဖြစ် ကြား ညှပ်၍ စိုက်ပျိုးကြပါတယ်၊ကိုကိုးအပင်ကနေရောင်တိုက်ရိုက်ထိတွေ့ မှုကိုမကြိုက်ဘူး၊ အဲဒါကြောင့် လက်ရှိရေမြေအနေအထားအရအစိုဓာတ်ရှိတဲ့ ကွမ်းသီးအပင်ကြားမှာ စိုက်ပျိုးတာ အသင့်လျော်ဆုံးဖြစ်တယ်၊ တောင်သူများအနေနဲ့ ကွမ်းသီးခူးဆွတ်ပြီးရင် ၀င်ငွေအပိုရရှိစေဖို့အတွက် ကိုကိုးအပင်များကို ကြားညှပ် စိုက်ပျိုးခြင်းဖြင့်အကျိုးအမြတ်များ ရရှိကြပါတယ်” ဟု ကိုကိုးစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ဝယ်ယူရရှိသော ကိုကိုးအသီးကုန်ကြမ်းများကိုကုန်ချောအဖြစ်ကော်ဖီ၊ ချောကလက်ကုန်ချော (၆)မျိုး၊ လက်ဖက်ချောက်၊ စသည့် ကုန် ပစ္စည်းများ ထုတ်လုပ်ကြပြီး ပြည်ပ/ပြည်တွင်းသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)