စလင်းမြို့နယ် စာစီကျောင်းရပ်ကွက်ဓမ္မာရုံ ဒုဒ္ဓပူဇနိယ ဆွမ်းသပိတ်လုံးပူဇော်ကပ်လှူပွဲအထိမ်းအမှတ်အဖြစ် ဒုတိယကြိမ်မြောက်နှစ် မြန်မာ့ရိုးရာ မုန့်ပြားသလက်နှင့် အကြော်စုံစတုဒီသာအလှူပွဲ ကျင်းပ

စလင်း ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်ဓမ္မာရုံ ဗုဒ္ဓပူဇနိယ ဆွမ်းသပိတ်လုံးပူဇော်ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာ မုန့်ပြားသလက်နှင့် အကြော်စုံစတုဒီသာကျွေးမွေးဒါနပြုပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စာစီကျောင်းရပ်ကွက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစတုဒီသာကျွေးပွဲကို ၁၃၈၄ ခုနှစ် နတ်တော်လဆုတ် ၇ ရက် မွန်းလွှဲ ၁ နာရီအချိန်ကစတင်ကာ စာစီကျောင်းရပ်ကွက် ဓမ္မာရုံဗုဒ္ဓဇနိယ ဆွမ်းသပိတ်လုံးပူဇော်ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာမုန့်ပြားသလက်နှင့် အကြော်စုံစတုဒီသာကျွေးဒါနပြုပွဲကို ဆန်(၆)တင်းကြိတ်ပြီး မွန်းလွဲ(၁)နာရီအချိန်မှစတင်ကာ မုန့်ပြားသလက်နှင့်အကြော်စုံကျွေးပွဲကို ၂၀၂၂ ခုနှစ်တွင် ဒုတိယနှစ်မြောက်အဖြစ် ကျွေးမွေးကုသိုလ်ပြုလုပ်ကြရာ စတုဒီသာအလှူပွဲကြီး မတည်အလှူရှင်များအဖြစ် ရပ်ကွက်နေပြည်သူများစုပေါင်ကာဖြင့် စေတနာရှင်ကုသိုလ်ရှင်များ စုပေါင်းညီညွတ်စွာကုသိုလ်ယူ၍ အရုပ်၊ အလတ်၊ အမြတ်မရွေးလူကြီးလူငယ်များ လာရောက်စားသုံးကြသည်မှာ မြင်ရသူအပေါင်း ကြည်နူးဝမ်းသာဖြစ်ကြောင်းဖြင့် မြန်မာ့ရိုးရာမုန့်ပြားသလက်နှင့် အကြော်စုံအလှူပွဲ ခြိမ့်ခြိမ့်သဲစည်ကားလျက်ရှိကြောင်းဖြင့်လာမည့် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ကျွေးမွေးဆောင်ရွက်မည်ဖြစ်ကြောင်း ပရဟိတအကျိုးတော်ဆောင် စာစီကျောင်းရပ်ကွက် ကိုဖိုးကျော်ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)