ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဉာဏစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
ပြိုင်ပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ ကျောင်း သူများသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့်သူ များဖြစ်သည့်အတွက် စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး အသိပညာဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်းရှာဖွေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဉာဏစွမ်းရည် ပြိုင်ပွဲဖြစ်သည့် အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲကိုကျင်းပရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်(၃)ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ကေခိုင်ဝင်း(ပြန်/ဆက်)