ကျွန်းလှ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ လူမှုဘဝ နေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် ယနေ့နံနက်က သစ်ရာမြိုင်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥငါးလုံး၊ ကြက်သွန်နီ ၂၅ ကျပ်သားပါ ပစ္စည်းလေးမျိုးအား ငွေကျပ် ၃၀၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်စွာ ရောင်းချပေးခဲ့သည်။
အဆိုပါ တန်ဖိုးသင့်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက အိမ်ထောင်စု ၁၇၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)