ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ “စွန့်စားမှအောင်မြင်မည်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ကလေး ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “စွန့်စားမှအောင်မြင်မည်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးဖိုး‌ကျော်က  ရာပြည့်စာအုပ်တိုက်မှ ထုတ်ဝေပြီး မောင်ပေါ်ထွန်းရေးသားသည့်  "စွန့်စားမှအောင်မြင်မည်” စာအုပ်တွင်ပါဝင်သော အောင်မြင်သောကိုယ်ရည်ကိုယ်သွေး၊ အောင်မြင်လိုလျှင် အရှုံးကိုတုံ့ပြန်တိုက်ခိုက်နှင့် အောင်မြင်သူတို့၏ လျှိုဝှက်ချက် စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)