စစ်ကိုင်းမြို့နယ်အတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိ

စစ်ကိုင်း ဒီဇင်ဘာ ၁၅

၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက်၊ နံနက်(၃)နာရီ(၁၇)မိနစ်ခန့်အချိန် မန္တလေးမြေငလျင်စခန်း၏ အနောက်တောင်ဘက်(၁၅)မိုင်ခန့်အကွာ တံတားဦးမြို့၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၅.၂)အဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာရှိ မြသိန်းတန်စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ပြုတ်ကျခြင်း၊ စေတီတော်၏ အရှေ့ဘက်ခေါင်းလောင်း မှောက်အောက်ခြေမှ အထက်သပိတ်တော်အထိပေ(၄၀)ခန့် အက်ကြောင်းဖြစ်ပေါ်ခြင်း၊ အရှေ့ဘက် သီတာ(၇)တန် မုဒ်ဦး၏(၆)ခုမြောက် မုဒ်ဦးအနည်းကွဲအက်ခြင်း၊ (၇)ခုမြောက်မုဒ်ဦး အထက်တံတိုင်း အနည်းငယ်   ကွဲအက်ခဲ့ကြောင်းနှင့်  အဆိုပါဘုရားမှမြေခခဲ့သော စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်းကွန်းကျေးရွာ  နဂါးပါတ်ကျောင်းတိုက်မှ ဆရာတော်၊ ဥူးတိသာသန (လေးဌာနဥက္ကဋ္ဌ ဆရာတော်)မှ ထိန်းသိမ်းထားရှိကြောင်း၊ စစ်ကိုင်းတောင်ရှိ ဥမင်ကိုးဆယ်ဘုရား အနည်းငယ်ကွဲအက်ပြီး ပျက်စီးခဲ့ပါကြောင်း၊ သောတာပန်ရပ်ကွက် လေးကျွန်းမာန်အောင်ဘုရား မဏ္ဍိုင်ကွေးသွားကြောင်း၊ ဧမြဝတီရပ်ကွက်ရှိ လောကမာရဇိန်ဘုရား စိန်ဖူးတော်မြေခသွားကြောင်း သိရှိရသည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အဦများ ထိခိုက် ပျက်စီးဆုံးရှူံးမှု မရှိပါကြောင်းသိရသည်။

စစ်ကိုင်းခရိုင် (ပြန်/ဆက်)