စာဖတ်စာငှား ကျောင်းသားကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ စနစ်တကျ ငှားရမ်းပေး

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်‌လေးများအား ပညာရေး ကျန်းမာရေး စီးပွားရေး လူမှုရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်၊စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ စနစ်တကျ ငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အမက(၃) မူလတန်းကျောင်းသို့ သွားရောက်ပြီး စာဖတ်စာငှား စာပေဝါသနာရှင် ကျောင်းသူ‌/ကျောင်းသားများအား ယခင်က ငှားရမ်းဖတ်ရှုထားသည့် စာအုပ် စာစောင်များအား ပြန်လည်အပ်နှံ‌စေပြီး ၎င်းတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတ ရသ စာအုပ် စာစောင်များအား (၇)ရက် ရက်သတ္တပတ်အကြာ ပြန်လည်၍ စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာဖတ် စာငှား စာ‌ပေဝါသနာရှင် ကျောင်းသားကျောင်းသူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ ဖတ်ရှုငှားရမ်းလိုသည့် သုတ ရသ စာအုပ် စာစောင်များအား အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)