မြို့သစ် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများတည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပစေရန်အတွက် စျေးရပ်ကွက် ဗိုလ်မင်းရောင်လမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွင်းမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုရန် ပုံငွေကျပ်(၂၄.၂)သန်းဖြင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ယင်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ မြို့သာယာလှပလာကာ ရေစီးရေလာကောင်းမွန်ပြီး ဒေသနေပြည်သူမအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)