လောင်းလုံး ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလုပ်ငန်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင်းသို့ လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂ခုနှစ်) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလုပ်ငန်းအစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှရှိန်တို့က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂ခုနှစ်) ပြဌာန်းရခြင်း၏ အဓိက အကြောင်းတရားများ၊ (၂၀၁၄ခုနှစ်မှ ၂၀၂၂ခုနှစ်) အထိ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များ ဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သေ ပြဋ္ဌာန်းချက်များ၊ သတိပြုရမည့် ပုဒ်မများအကြောင်း၊ ၂၀၀၈ခုနှစ် ဖွံ့စည်းပုံအခြေခံဥပဒေ(အခန်း–၈)၊ ၂၀၁၄ခုနှစ် အသင်းအဖွဲ့ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် အသင်းအဖွဲ့များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)