ကော့သောင်း ဒီဇင်ဘာ ၁၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ပြုလုပ်ကျင်းပသည်။
ရှေ့ဦးစွာ ဟောပြောပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ ပြည်ထောင်စုစိတ်ဓာတ် နှင့် နိုင်ငံ့အချုပ်အချာအာဏာ ထိန်းသိမ်းကာကွယ်စိတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း အရေးပါမှု စသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား/ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း )