ချောက်ခရိုင်/မြို့နယ် (Working Group)​မြေပြင်ကွင်းဆင်း​​​​ကောက်ယူ​ရေးကြီးကြပ်မှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး(၁/၂၀၂၂)ကျင်းပ

ချောက် ဒီဇင်ဘာ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ခရိုင်/မြို့နယ်(WorkingGroup) ​မြေပြင်ကွင်းဆင်း​​​​ကောက်ယူ​ရေးကြီးကြပ်မှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး(၁/၂၀၂၂) ကို ယ​မန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​​ဝေးခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့သည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်က အဖွင့်အမှာစကား​ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး​ကောင်းမြတ်ဆန်းက လုံခြုံ​ရေးဆိုင်ရာကိစ္စရပ်များကိုလည်း​ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ(၆၆/၆)အား​ မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း​ဆောင်ရွက်​နေသည့် အ​​ခြေအ​နေများကိုလည်း​ကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး​အောင်​ဇော်တင့်က Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ(၆၆/၆)အား​မြေပြင်တိုက်ဆိုင်စစ်​ဆေးခြင်းလုပ်ငန်း​ ဆောင်ရွက်​နေသည့်အ​ခြေအ​နေများကိုလည်း​ကောင်း ရှင်းလင်းတင်ပြခဲ့​ပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပရာ မြို့နယ်စီမံကိန်း​ရေးဆွဲ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး​ဒေါ်စန်းစန်းလှက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအ​ပေါ် အကောင်အထည်​ဖော်​ဆောင်ရွက်နိုင်သည့်အ​ခြေအ​​နေများအားလည်းကောင်း၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက၂၀၂၂ -၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင် ပြည်​ထောင်စုဘတ်ဂျတ်နှင့် တိုင်း​ဒေသကြီးဘတ်ဂျတ်ဖြင့်​ဆောင်ရွက်သည့် တည်​ဆောက်​ရေးလုပ်ငန်းများ၊ တင်ဒါ​အောင်မြင်သည့်လုပ်ငန်းများ၊ ပြင်/ထိန်းလုပ်ငန်းများ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများအားလည်းကောင်း အသီးသီးရှင်းလင်း​တင်​ပြခဲ့​ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ၏ရှင်းလင်း​တင်​ပြမှုအ​ပေါ် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)