ပဲခူး ဒီဇင်ဘာ ၁၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်က ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက လွတ်လပ်ရေးနေ့အကြောင်း မှတ်သားစရာ၊ သိကောင်းစရာများအား ဟောပြောခဲ့သည်။
ယင်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက ကျောင်းသား/ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့တွင်းကြီးကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)