မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၅)နှစ်မြောက်   စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က      (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့   အထိမ်းအမှတ် အခမ်းအနားနှင့် မာရသွန်ပြိုင်ပွဲ  ၊ကျား/မလွန်ဆွဲပြိုင်ပွဲ၊ မူလတန်းအဆင့် ကျား/မမီတာ (၁၀၀)၊ မီတာ(၂၀၀) အပြေးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲများ       ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီ     ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပြိုင်ပွဲများတွင်   ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ရေး     ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက်   မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးဝင်းလှိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။

ယင်းနောက်အစည်းအဝေးတက်ရောက်လာသည့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်အားကစားပြိုင်ပွဲများ  စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး ဆွေး‌နွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက    လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                                                                           ဇာဇာ(အထက်မင်းလှ)