မော်လမြိုင်ကျွန်း၊ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝက်ကွင်းကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာတွင် ယနေ့နံနက် ၁၀:၂၅ အချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မျိုးစေ့ချကရိယာ Drum Seeder ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်း ဆောင်ရွက်မှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါမျိုးစေ့ချကရိယာ Drum Seeder ဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းလုပ်ငန်းအား ဝက်ကွင်းကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာနေ တောင်သူ ဦးအောင်ဇော်မိုး၏လယ်ယာမြေ (၇) ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် ဝန်ထမ်းများ ကွင်းဆင်း၍ မျိုးစေ့ချကရိယာ Drum Seeder ဖြင့် နယူးဧရာတစ် နွေစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ဆောင်ရွက်မှုအားဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များကတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)