ကန့်ဘလူ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ညောင်အိုင် သိသရနခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ဆောင်ရွက်ပြီး အထက(ခွဲ) ညောင်အိုင်ကျောင်း (Grade-9)မှ မခင်သက်မှူးဇွန်က လူငယ်နှင့် ကျန်းမာရေး၊ (Grade- 11)မှ မောင်အောင်မြတ်သူက လူငယ်နှင့်မူးယစ်ဆေး၊ (Grade- 11)မှ မဇင်မင်းမင်းထွန်းက လူငယ်နှင့်ယဥ်ကျေးမှု၊ (Grade- 10)မှ မောင်ကျော်မိုးဝေက လူငယ်နှင့် အားကစား စသည့် ခေါင်းစဥ်များအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၉၅ ဦးခန့် တက်ရောက်ကြပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)