ကျိုက်လတ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့ နံနက်(၁၀)နာရီက Book Club နှင့် စာပေဝါသနာ ရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ "ပျော်ရွှင်နိုင်ပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့် က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်သန်းသန်းအေး က ''ဘဝအောင်မြင်မှု" ဆောင်းပါး နှင့် Book Club အဖွဲ့ဝင် ဒေါ်ယဥ်လှ က ''စိတ်အားထက်သန်သူ"ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများ က ပြန်လည် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ကျိုက်လတ်(ပြန်/ဆက်)