ကဝ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အ.ထ.က(ဖလေး)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ဆောင်ရွက်၍ Grade-9 ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင်ကျော်သက်က လူငယ်နှင့်ပညာရေး၊ မောင်ဇော်ရှိုင်းက လူငယ်နှင့်အားကစား၊ မချစ်မြတ်နိုးက လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မကြယ်စင်ချိုက လူငယ်နှင့်မူးယစ်ဆေးဝါးတို့ကို အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)