(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၁၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ) ရွှေမင်းဝံကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် ကျောင်းသူ၊ ကျောင်းသားကလေးများအား လွတ်လပ်ရေး၏တန်ဖိုးနှင့် လွတ်လပ်ရေးအား အစဉ်ထိန်းသိမ်းတတ်လာစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်များနှင့် အခြားဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ ထို့အပြင် စာဖတ်ခြင်းအလေ့အထရှင်သန်ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေးနှင့် စာပေမှ အသိပညာဗဟုသုတများရှာမှီးတတ်လာစေရေး၊ ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်ပေးခြင်းကြောင်းလည်း သိရသည်။

ကျော်စိုး