ကျောက်ကြီးမြို့နယ်၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ကျောက်ကြီး   ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော "စကားသမုဒ္ဒရာ စာသမုဒ္ဒရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   (Community Centre)  ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့်ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် (Book Club)အဖွဲ့ဝင် မြို့နယ်ပညာရေးမှူး အငြိမ်းစားဆရာကြီးဦးကြည်က စာပေအနှစ်သာရနှင့် စာပေမှပေးသော အကျိုးကျေးဇူးများကိုမျှဝေပြောကြားပြီး Book Club အဖွဲ့ဝင်(၆)ဦးမှ " လူတိုင်းလူတိုင်း ဘာသာစကား သမုဒ္ဒရာထဲတွင် နေ့စဉ်နှင့်အမျှ အချိန်ပြည့်နီးပါး ကူးခပ်လှုပ်ရှားနေရသည်" "ဘာသာစကားဆိုသော သမုဒ္ဒရာကြီးထဲတွင် ဘာအစိတ်အပိုင်းတွေ ပါဝင်ပါသနည်း"၊ "စကားသံ၊ အသံအနိမ့်မြင့် တက်ကျ၊ စကားလုံး၊ ဝါကျ၊ စကားအသုံးအနှုန်း၊ စကားလုံးနှင့်ဝါကျများ၏ အနက်အဓိပ္ပါယ်ရှိပုံ"၊ "နေရာဒေသ လူမှုအဆင့်အတန်းအလျောက် ဘာသာစကားတစ်ခု၏ စကားသံချင်း စကားအသုံးအနှုန်းချင်း ဝါကျဖွဲ့ပုံချင်းကွဲပြားသွားပုံ"စသည်တို့ကို ဝိုင်းဝန်းဆွေး‌နွေးခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြန်/ဆက်ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန်နှင့်ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မြို့နယ်ပြန်/ဆက်