ပန်းတနော်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

ပန်းတနော် ဒီဇင်ဘာ  ၁၄

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့် ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ ပန်းတနော်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)နှင့်  ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး  သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)