လှိုင်းဘွဲမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာသွေးသန့်လှူရှင်စုဆောင်းရေး အသိပညာပေးဆွေးနွေး

လှိုင်းဘွဲ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လိုအပ်သောသွေးအမျိုးအစားများကို မြန်မြန်ဆန်ဆန်ရရှိနိုင်စေရန်အတွက် စေတနာသွေးသန့်လှူရှင်စုဆောင်းရေး အသိ ပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကမော့ကချူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူက လှိုင်းဘွဲမြို့နယ်အတွင်း ကြက်ခြေနီအသင်း၏ လုပ်ငန်း‌ဆောင်ရွက်ချက်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများ၊ သွေးလှူဒါန်းခြင်းဖြင့် သူများ အသက်ကို ကယ်တင်ခြင်း၊ သွေးလှူဒါန်းခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူး၊ စေတနာသွေးသန့်လှူရှင် စုဆောင်းရခြင်း၏ ရည် ရွယ်ချက်ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ကမော့ကချူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများကသွေးသန့်လှူရှင်စုဆောင်ရေးနှင့်ပတ်သက်၍ စုဆောင်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စေတနာသွေးသန့်လှူရှင်စုဆောင်းရေး အသိပညာပေးဆွေးနွေးပွဲတွင် ကမော့ကချူး ကျေးရွာပြည်သူ(၃၆)ဦးကို အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ သွေးအမျိုးအစားများကို စာရင်းစုဆောင်း၍ အရေးပေါ်သွေးလိုပါက သွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက် ခြေနီအသင်းထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)