ဘောဂလိမြို့တွင် Book Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ဘောဂလိ    ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော ခေါင်း ဆောင်မှုနှင့်စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က စာဖတ်ခြင်းမှရရှိသည့် အသိ ပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးနောက် ခေါင်းဆောင်မှုနှင့်စီမံခြင်းစာအုပ်တွင်ပါရှိသည့် လူဆိုသည်မှာ၊ ခေါင်းဆောင်မှုနှင့်စီမံခြင်း၊ တန်ဖိုးရှိတဲ့ဘဝခေါင်းစဉ်ပါ အကြောင်းအရာများကို စာပေချစ်သူများအချင်း ချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)