ရွှေဘို ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီစဉ်များအား မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူးမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် စံလုပ်ငန်းအစီအစဉ်များမှ အဓိကကျသည့် လူကုန်ကူးခံရသူအဖြစ် ဖော်ထုတ်သတ်မှတ်ခြင်း၊ ကြားကာလ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ပို့ဆောင်ခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း စံ၄ချက်ကို အကျယ်တဝင့် ဆွေးနွေပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်