ရွှေကျင်မြို့တွင် မြန်မာအမျိုးသမီးသမဂ္ဂ(BMU)မှ ထုတ်ဝေသည့် “အိမ်တွင်းအကြမ်းဖက်မှုသိကောင်းစရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင်  ဒီဇင်ဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြန်မာအမျိုးသမီးသမဂ္ဂ(BMU)မှ ထုတ်ဝေသည့် "အိမ်တွင်းအကြမ်းဖက်မှု သိကောင်းစရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များနှင့် စာအုပ်၏အမှာစာကိုဖတ်ကြားပြီး (Book Club)အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်းက စာအုပ်တွင်ပါရှိသော "အိမ်တွင်းအကြမ်းဖက်မှုအပေါ်အဓိပ္ပါယ်ဖွင့်ဆိုချက်" အခန်းကိုလည်းကောင်း၊  (Women Club)အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က "အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအခြားပုံသဏ္ဍာန်များ" အခန်းကိုလည်းကောင်း၊ စာပေဝါသနာရှင်ဒေါ်ဒေစီဝင်းက  "မြန်မာတို့၏ အိမ်တွင်းအကြမ်းဖက်မှုပုံစံများ" အခန်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှစာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)