သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာဘာ ၁၄

သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအ.မ.က တည်သပင်ကျောင်းတွင် ယမန်နေ့ကစာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခန်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအန္တရာယ်၊ မသန်စွမ်းသူများအခွင့်အရေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြော၍ ရှန်တီစတနာ့ဝန်ထမ်းအဖွဲ့ (SVA)နှင့်ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခဲ့ပြီး ဝန်ထမ်းများက ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြော၍ စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျောင်းသား၊ကျောင်းသူလေးများကိုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ အိုမီခွန်အပါအဝင်ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး  အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်