ဒိုက်ဦးမြို့ Community Centre ၌ Talk Show ကျင်းပ

ဒိုက်ဦး  ဒီဇင်ဘာ ၁၄

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ"ယနေ့လူငယ်နှင့်အားကစား" အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ညောင်လေးပင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဦးနေလင်းဦးက ယနေ့လူငယ်များအတွက် အားကစားနှင့်ပတ်သက်သော အားကစား၏အဓိပ္ပါယ်နှင့်အားကစားလှုပ်ရှားမှု၏ ကောင်းကျိုးရလာဒ်များ၊ လူငယ်များအနေဖြင့် အားကစားကိုလေ့လာလိုက်စားပါက ကျန်းမာသွက်လက်ကာစိတ်ပေါ့ပါးမှုကိုရရှိပြီး၊ လူထုအကြားကပေးသောနွေးထွေးမှု၊ စည်းလုံးမှုစသည့် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)