ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၄
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာကျော်ကျော်လှိုင် ရေးသားသည့် (ပျော်ရွှင်ခြင်း) ခေါင်းစဉ်ပါ ဆောင်းပါးစာအုပ်မှ ပျော်ရွှင်မှုနှင့်အခက်အခဲ၊ အကောင်းဆုံးပေးဆပ်ပါ၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စိတ်ပူပန်တတ်တဲ့အကျင့်ကိုဖျောက်ပါ၊ လူတွေကိုပြောင်းလဲဖို့ကြိုးစားမယ် စသည့်ခေါင်းစဉ်ပါ ဆောင်းပါများ၏အကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလှည့်ကျဖတ်ကြားပြီး မိမိတို့၏တွေးခေါ်ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)