ပေါင်းတည် ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်တက်ရောက် အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ပြည်ခရိုင်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုကဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး မုန်တိုင်းဘေးအန္တရာယ်ကယ်ဆယ်ရေး သဏ္ဍာန်တူဆောင်ရွက်မှု ဇာတ်တိုက်သရုပ်ပြ ပူးပေါင်းလေ့ကျင့်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ ဦးစီးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များ၊ ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)