ဧရာဝတီတိုင်းဒေသကြီးအစိုးဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဝါးခယ်မမြို့နယ် သက္ကယ်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဝါးခယ်မ ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မိုးမခသက္ကယ်‌ကျေးရွာအုပ်စု၊ သက္ကယ်ကျေးရွာသို့ ယနေ့နံနက် ၈ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ရာ တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးနေဖြိုးလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သက္ကယ်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်လင်းနှင့်အဖွဲ့က ဦးဆောင်၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP-Phase 2)ဖြင့် လျှပ်စစ်ထရန်စဖေါ်မာ KTK (200 KVA) (၁)လုံးနှင့် လျှပ်စစ်ဓာတ်အားလိုင်း(400 V) အရှည် (၄၄၀၀)ပေတို့အား တပ်ဆင်ခဲ့ရာ စုစုပေါင်းငွေကျပ် (၆၁၁)သိန်းခန့်ကုန်ကျပြီး အိမ်ခြေ(၁၉၉)လုံး အနက် အိမ်သုံးလျှပ်စစ်မီတာ (၈၄)လုံး တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)