ဆင်ပေါင်ဝဲမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အမှာစကားပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း(၃) ဒေါ်ဂျူးလဲ့မွန်မှ TCRC ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကလေးမွေးစားခြင်းနှင့် ပတ် သက်၍လည်းကောင်း z၊ ရာဇဝတ်မှု ကျူးလွန်ခံရသည့် အသက်(၁၈)နှစ်အောက် ကလေးသူငယ် (သို့မဟုတ်) ရာဇဝတ်ကြောင်းနှင့် သက်ဆိုင်မှု မရှိသော ကလေးသူငယ်ကျူးလွန်ခံရမှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)