ဆိပ်ဖြူမြို့နယ်တွင်  WATER RESCUE ROBOT ဖြင့် ရေပြင်ကယ်ဆယ်ရေးလေ့ကျင့်ဆောင်ရွက်

ဆိပ်ဖြူ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ရေပြင်ကယ်ဆယ်ရေးများလုပ်ငန်းများအတွက် WATER RESCUE ROBOT ဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိင်ရန် လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့အရှေ့ဘက် ယောချောင်းအတွင်း၌ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအေးမင်းမောင်ကကြီးကြပ်၍ ဒုတိယဦးစီးမှူး ဦးအောင်ဘိုဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းအတွက်  Brand – JTT  ၊  Mode – R1  ၊  Weiht – 10.85 g အသေးစား WATER RESCUE ROBOT ဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးက WATER RESCUE ROBOT မောင်းနှင်နည်းစနစ်များ၊ ရေးပြင်ကယ်ဆယ်ရေးလုပ်ငန်းများ၌ လုပ်ဆောင်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မီးသတ်းတ်ဖွဲ့ဝင်များက လက်တွေ့ စမ်းသပ်မောင်းနှင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။   

ကိုဇွဲ (ပြန်/ ဆက်)