မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့ဖြင့် မြန်အောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပဒေ စိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​  ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်​သော စစ်​ကြောင်းကြီး (၅)​ကြောင်း အဖွဲ့(၁)နှင့် အဖွဲ့ (၂)သည် ယမန်နေ့က ဆင်သေ ကျေးရွာအုပ်စုနှင့် ပေါက်ကုန်းစွန်း ကျေးရွာအုပ်စုတို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဆင်သေကျေးရွာအုပ်စု ရေသိုးကျေးရွာဓမ္မာရုံနှင့် ပေါက်ကုန်းစွန်း ကျေးရွာအုပ်စု ကရင်ကုန်းကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းပညာရေး၊ ကျန်းမာရေး၊ ကျေးရွာတွင်းလမ်းတံတား ကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသား စိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင်ရွက်ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာလှပရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ဒေသခံ ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)