ကန့်ဘလူ၌ အခြေခံစားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ကန့်ဘလူ ဒီဇင်ဘာ ၁၄

နေ့စဉ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက် ကုန်များကို​ စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူနိုင်ရန်  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု  ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့်  အခြေခံ စားသောက်ကုန်များကို ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင် ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကြက်ဥတို့ကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန် တစ်ပြည်၊ ဆီ ၁၀ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့် ကြက်ဥ ငါးလုံးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)