ခမောက်ကြီး ဒီဇင်ဘာလ ၁၄
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစာအုပ်/စာစောင်ပြဘုတ်ကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြသခဲ့ပါသည်။
ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားကြသူ ကျောင်းသူလေးများက အဆိုပါစာအုပ်ပြပွဲမှ သုတ/ရသအဖြာဖြာစာအုပ်လေးများအား လိုက်လံဖတ်ရှုခဲ့သည်။ ယင်းနောက် ၎င်းတို့ကြိုက်နှစ်သက်ရာ ဗဟုသုတဖြစ်စေမည့် စာအုပ်လေးများအား အားလပ်ချိန်ဖတ်ရှုနိုင်ရန် အသင်းဝင်ကတ်ပြားရှိသူတစ်ဦးလျှင် အများဆုံး(၃)အုပ်နှုန်းဖြင့် ငှားရမ်းပေးခဲ့သည်။
စာငှားသူအသစ်များကိုလည်း လျှောက်လွှာဖောင်များတွင် လိုအပ်သည်များဖြည့်သွင်းစေပြီး အသင်းဝင်ကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရူပါမြင့်