မင်းလှမြို့နယ် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ  ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ လူငယ်နှင့်ဇွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်ဇွဲစာအုပ်မှ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့်အနာဂတ် အပါအဝင်အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပြည်သူများဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ပေါက်စ(မင်းလှ)