ပန်းတောင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍မေးမြန်းရာ ဒုတိယဥပဒေအရာရှိ ဒေါ်ရွှေဖြူမင်းစံထွန်းက ကလေးသူငယ်ဆိုတာ ဥပဒေအရသတ်မှတ်ထားပုံ၊ ကလေးအလုပ်သမားများအဓိပ္ပါယ်၊ ကလေးသူငယ်များကို စက်ရုံအလုပ်ရုံတွင် အလုပ်လုပ်ကိုင်နိုင်ရန် အနိမ့်ဆုံးရှိရမည့်အသက်ကို ဥပဒေမှသတ်မှတ်ထားပုံ၊ ကလေးအလုပ်သမား ဖြစ်ပေါ်လာရသည့်အကြောင်းရင်းများ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်ပြီး အကာအကွယ်ပေးထားသော ဥပဒေများအကြောင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)