ကလိန်အောင် ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁) နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ၂၀၂၃ ခုနှစ်၊ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အနာဂတ်တွင်ထွန်း လင်းတောက်ပလာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာ ကဗျာများအပြင် ပြင်ပမှရေးသားသော သုတ၊ ရသ ကဗျာများကိုလည်းပိုမိုစိတ်ဝင်စားမှုရှိလာမည် ဖြစ်ကြောင်းနှင့် စာကြည့်တိုက်နှင့်လည်း ထိတွေ့ရင်းနှီးမှုများရှိလာစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က(ကလိန်အောင်)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)