ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၃
အခြေခံပညာကျောင်းပေါင်းစုံ အသက်၁၈နှစ်အောက် ကျောင်းသားအားကစားပြိုင်ပွဲများကို ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မြို့မအားကစားကွင်း၌ ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် (ကျား/မ) ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲတို့ပါဝင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးတို့က ဆုရရှိသည့် အသင်းနှင့်အားကစား သမားများကို ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဆုရရှိသည့် အသင်းနှင့်အားကစားသမားများကို စိစစ်ရွေးချယ်၍ မြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်စေရေးအတွက် ဆက်လက်စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်းကို ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)