ပိုင်ကျုံမြို့ အ.မ.ကနို့ထို့ခေးကျောင်း၌ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

ပိုင်ကျုံ   ဒီဇင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.မက နို့ထို့ခေးကျောင်း၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ လွတ်လပ်ရေးရရှိရေးအတွက်မျိုးချစ်ခေါင်းဆောင်များတို့၏ ကြိုးပမ်းအားထုတ်ပုံ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများကို စကောကရင်ဘာသာဖြင့် ဟောပြောခဲ့သည်။

ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများတို့က ဒေသနပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး အခြေခံပညာကျောင်းများသို့  အသိညာပေးဟောပြောပွဲ လုပ်ငန်းများကို  လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူးခူး(ပြန်/ဆက်)