ကြံခင်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကြံခင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက အသက်အန္တရာယ် ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင် ရရှိထားခြင်းမရှိသော စံမညီဆေးဝါးများ၊ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၄)မျိုး၏ အမည်နှင့် တင်သွင်းဖြန့်ဖြူးရောင်းချလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ ကုန်စည်အုပ်စုကုန်အညွှန်း အမှတ်အသားများ၊ ပြုပြင်မွမ်းမံပြီး/ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများ၊ စားသုံးရန်မသင့်သော အစားအစာများ၊ တားမြစ်ထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို အသိပညာပေးပြောကြားပါသည်။
ဟောပြောပွဲသို့. မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်မှ ပြည်သူများ တတ်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)