ဒိုက်ဦးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ဒိုက်ဦး ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show  ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀  နာရီအချိန်က ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒိုက်ဦးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပေါ်ရသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အများဆုံးဖြစ်ပွားတတ်သည့်အကြမ်းဖက်မှုများအကြောင်း၊ အကြမ်းဖက်ခံရသူများ ခံစားရနိုင်သောရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များအကြောင်း၊ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးအွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြို့နယ်(ပြန်/ဆက်)